Sunday, March 29, 2009

စိတ်ကူးယဉ်

အဓိပတိလမ်းထက်
လက်ချင်းယှဉ်တွဲ၊ မခွဲအတူ
နေပူမိုးရွာ၊ ထာဝစဉ်လေ
နေဖူးချင်သည်၊ ခင်နဲ့အတူ...

သစ်ပုပ်ပင်ဘေး၊ ခုံတန်းလေးဝယ်
ကြည်စယ်ရယ်မော၊ သောကမရှိ
အတိမေတ္တာ၊ ကမ္ဘာတစ်ခု
ချစ်သူ ခင် နဲ့ တည်ဆောက်မယ်...

အင်းလျားကန်လည်း၊ အရှက်သည်းလို့
ရင်ထဲဖက်ထွေး၊ ယုယမွှေးမယ်
တကယ်ပါခင်၊ မငြိုငြင်နဲ့
အလွမ်းဖွဲ့ချွှေ၊ အနမ်းတွေကွယ်...

ဘယ်သွားဘယ်လာ၊ အစဉ်ပါမယ်
ခင်သာတွယ်ငြိ၊ ရင်ထဲရှိမို့
ဝေးလို့နေရ၊ သည်ခဏမှာ
တမ်းတစိတ်ကူး၊ အချစ်ရူးကို
စာနာပိုကာ ခွင့်လွတ်ကွယ်...။

No comments:

Post a Comment