အချစ်ဆိုတာ
ကဖေးဆိုင်လေးထဲက
ခုံလေးနှစ်လုံးဖြစ်တယ်။
စားပွဲရဲ့တစ်ဘက်စီမှာ..
ဆံနွယ်လေးပွတ်သပ်ခွင့်မရ
လက်ဖ၀ါးလေးနွေးထွေးခွင့်မရ။
အချစ်ဆိုတာ
သူစိမ်းတွေလိုနေချင်တဲ့အရာဖြစ်တယ်။
ထပ်တွေ့ဖို့မလိုတော့ဘူးတဲ့..
ချိုမြတဲ့ရယ်သံလေးကြားခွင့်မရ
လှပတဲ့အပြုံးလေး ငေးကြည့်ခွင့်မရ။
အချစ်ဆိုတာ
ထာဝရဝေးကွာခြင်းဖြစ်တယ်။
ဘာမှရှင်းပြခွင့်မရဘဲနဲ့..
ဲ့ပတ်သက်မှုတွေအဆုံးသတ်လိုက်တယ်။
ကျေးဇူးပြုပြီး
ငါ့နှလုံးသားအစုံကိုတော့
မင်းဆီမှာပဲ သိမ်းထားပေးပါ...။
(ကိုမဲ့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment