Sunday, March 29, 2009

ဥပေက္ခာခြေတော်ရင်းဆီက...

ဖြူ
တုနှိုင်းမဲ့ချစ်ရတောင်
ဟန်ဆောင်ထိန်းချုပ်
မခံစားတတ်တဲ့ အရုပ်လို
ကိုယ်ချစ်တာတွေသိုဝှက်
နေ့ရက်များစွာ...။



ဖြူ
အချိန်တိုင်းလွမ်းရတောင်
ဖြူမသိအောင်အားတင်း
ကဗျာတွေစပ်ရင်းကျေနပ်
တမ်းတရင်းနေတတ်အောင်လေ
ဖြေသိမ့်နေလျက်...။



ဖြူ
စက္ကန့်တိုင်းလွမ်း
စက္ကန့်တိုင်းတမ်းတ
ထာဝရမေ့ပစ်ချင်လျက်
မေ့နိုင်စွမ်းမဲ့တဲ့အဖြစ်
ဖြူ့ ရဲ့ဥပေက္ခာခြေတော်ရင်းကလေ
အကြွေပန်းလေးတစ်ပွင့်...။

No comments:

Post a Comment