သက္ကရာဇ် ၂၀၀၀
သန်လျင်အရှေ့ပိုင်းတက္ကသိုလ်
လေးနှစ်လောက် ဝေးကွာခဲ့ပေမယ့်ရင်ထဲကအချစ်တွေပြောင်းမသွားပါဘူး ဖြူ။
ပြန်ဆုံခွင့်ရတဲ့အတွက် အတိုင်းမသိပျော်ရွှင်ခဲ့ရ။
ဘယ်တော့မှမမေ့နိုင်တဲ့ နေ့လေးတစ်နေ့။
ဖြူ့ ရဲ့စာသင်ခန်းအတွင်း ကိုယ့်ဘ၀ရဲ့ပထမဆုံး စာလေးကိုပေးခဲ့တယ်။
ဒါပေမယ့် နောက်တစ်နေ့မှာ ဒီစာလေး ကိုယ့်ဆီ ပြန်ရောက်လာတယ်။
ကိုယ်ကျေနပ်ပါတယ်။ကိုယ့်ရဲ့အချစ်တွေ ဖြူ သိသွားပြီလို့ယုံတယ်။
ဖြူ ဘယ်လိုပဲ စိမ်းကားပါစေ ဖြူ့  ကိုချစ်နေခွင့်ရရင် နေပျော်သူပါ။
မှတ်မိနေသေးတယ်။
အဲဒီနေ့က ဖြူ နေမကောင်းဘူးထင်တယ်။
အနွေးထည် အနီရောင်လေး ၀တ်လို့ ...
ဖြူတို့ ရဲ့အခန်းမှာ Maths သင်နေတယ်။
ဖြူ့ ထိုင်နေရာရဲ့ အပေါ်တည့်တည့်မှာ ပန်ကာကြီးလည်လို့။
ဖြူ အအေးမိမှာစိုးလို့ ကိုယ် ၀င်ပိတ်ခဲ့တယ်။
တစ်ခန်းလုံးက ကိုယ့်ကို ၀ိုင်းကြည့်...သင်နေတဲ့ဆရာလည်း ဘုကြည့်ကြည့်။
အဲဒီနေ့က သင်တဲ့ဆရာက ဆရာဦးဖိုးချို။ကိုယ်တို့ကတော့ ဆရာ သျှားညို လို့ခေါ်တယ်။
တိုက်တိုက်ဆိုင်ဆိုင် အခု ဒီဆရာ ကိုယ်တို့မြို့ကိုရောက်နေတယ်။
ကိုယ်တို့သွားတွေ့ကြသေးတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment