တတိယနှစ်
ရွာသာကြီး။
ကော်ရစ်တာက ခုံလေးတွေတိုင်းမှာ "အချစ်များ ဖြူ့ ဆီမှာ" ဆိုတဲ့စာတန်းလေးရှိတယ်။
မှတ်မှတ်ရရ ပုဂံ excursion သွားခါနီးမှာ ဖြူ့ ဆီက phoneလာတယ်။
စိမ်းကားရက်စက်တဲ့ဖြူ့ ရဲ့စကားလေးတွေကို နှစ်လိုစွာ သိမ်းဆည်းလက်ခံ။
ဖြူ့ အလိုကျ နှလုံးသားကို အမိန့်ပေးအကျဉ်းချ။
အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန်တုန်းက ကျောင်းဆက်တက်ဖို့ တော်တော်ကိုအားပြန်တင်းခဲ့ရတယ်။
ဖြူ့ အရိပ်လေးပဲ မြင်နေခွင့်ရချင်လို့ ကျောင်းဆက်တက်နေမိတယ်။
စာကျက်လို့လည်းမရနဲ့ ...
BAGAN EXCURSION မှာ ဖြူပါလာပေမယ့် ကိုယ်ဘယ်လိုပျော်နိုင်မှာလဲ။
ဒါပေမယ့် တစ်ကားတည်းစီး၊ တစ်ခရီးတည်းသွား ခွင့်ရတဲ့အတွက်ကျေနပ်မိတယ်။
ပုဂံမှာရိုက်ထားတဲ့ groupပုံတွေ ကိုယ့်မှာရှိတယ်။
ဒီပုံလေးတွေနဲ့ပဲ အလွမ်းဖြေနေရ။
ညနေကျောင်းဆင်းချိန်တွေကိုလွမ်းတယ်။
FERRY ဂိတ်မှာ စောင့်ငေးခဲ့ရတဲ့အချိန်တွေပေါ့။
ဖြူ့ ရဲ့ရက်စက်မှုတွေနဲ့နေသားကျခဲ့ရတဲ့ဘ၀မှာ...
နောက်ထပ် ကိုယ်ဘာများ နာကျင်နေရဦးမှာလဲ။
အရမ်းပဲ မြတ်မြတ်နိုးနိုးချစ်မိပြီလေ........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment