RC-2,စက်တင်ဘာ၊ ၁၉၉၆
ကိုယ်တို့ မြို့ ကသူငယ်ချင်းတွေနဲ့ တွဲတဲ့ကောင်မလေးတစ်ယောက်ကိုသတိထားမိတယ်။
နာမည်က ဖြူ တဲ့။နှင်းဆီဆောင် မှာနေတဲ့သူ့ ကို ကိုယ်ကတော့ နှင်းဆီဖြူ လို့ ပဲအမည်ပေးထားမိတယ်။
မြင်မြင်ခြင်း ချစ်ခဲ့မိတယ်ဆိုရင်တော့ ပိုတယ်လို့ ထင်မလား။
ဒါပေမယ့် တိတ်တခိုးဘ၀နဲ့ ပဲရင်ခုန်ကျေနပ်စွာ။အတန်းရှေ့ရပ်ငေး ၊ ဖြူ့ အကြောင်း ကဗျာတွေရေး။
ဒီလိုနဲ့ နေ့ ရက်လေးတွေ....
မထင်မှတ်ပဲ ကျောင်းကြီးပိတ်ဖို့ ဖြစ်လာတယ်။
ပထမတစ်ရက် နှင်းဆီဆောင် ရှေ့သွားစောင့်နေမိတယ်။
မပြန်ခင် တွေ့ မလားရယ်ပေါ့။ဒါပေမယ့် ခေါ်မတွေ့ ရဲခဲ့ဘူး။
နောက်တစ်နေ့  တွေ့ ဖို့ သွားခေါ်တော့ ပြန်သွားပြီတဲ့။
ဘာမှမဆိုင်သေးဘဲနဲ့  ကြေကွဲသွားတယ်။
ကိုယ့်ရဲ့  အချစ်တွေ ဖွင့်ပြောဖို့ အခွင့်မသာခင် ဝေးခဲ့ရပေါ့။
First Year ရဲ့ ရင်ခုန်သံလေး တစ်နေ့နေ့တော့...ပြောခွင့်ကြုံပါရစေ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment