Sunday, May 31, 2009

နှင်းဆီဖြူ ပုံပြင် ၎

နောက်ဆုံးနှစ်
စီးပွားရေးတက္ကသိုလ်၊ရွာသာကြီး


ဆံပင်တွေတိုသွားပေမယ့် ပိုလှလာတယ်။
အရောင်တွေထဲမှာ အနီနှင့်အဖြူ ကိုပိုကြိုက်တာသတိထားမိတယ်။
ဖြူ့ကိုအနှောင့်အယှက်မပေးမိအောင် ကိုယ်ကြိုးစားနေခဲ့တယ်။
ဖြူ့ကိုစိတ်ချမ်းသာစေချင်တယ်။
တောင်ကြီးexcursion ကိုအမှတ်ရဆုံးပဲ။
ဝေးရတော့မယ်ဆိုတဲ့အသိက ရင်ကိုပူစေတယ်။
ဒါပေမယ့် ကိုယ့်အတွက်တော့..အချိန်၊နေရာ ကအဓိကမကျခဲ့ဘူး။
ဖြူ့ကိုချစ်နေခွင့်ရဖို့က သာအရေးကြီးတာပါ။
ဖြူနဲ့ပတ်သက်တဲ့အမှတ်တရတွေ ရင်နဲ့အပြည့်ပါပဲ။
ဖြူဘက်ကအသိအမှတ်မပြုလည်းပဲ တစ်ဘက်သတ်ချစ်နေရရင်ပဲကျေနပ်စွာ။
ဖြူ...ကမ္ဘာခြားလည်း...နှလုံးသားမှာထာဝရမင်းမူ...
ကိုယ့် အချစ်ရဆုံး ဖြူ...

No comments:

Post a Comment