Friday, December 18, 2009

ရက်စွဲမဲ့ ဒိုင်ယာရီ

မျှော်လင့်နေတုန်း
အချိန်တွေ ကုန်ဆုံးခဲ့တာမသိ
အရွယ်လွန် သုံးဆယ်ကျော်တဲ့အထိ...

သူ့ကိုချစ်ခဲ့မိတဲ့အချစ်
အကြောင်းပြချက် မရှိခဲ့သလို....
သူ့ကိုမမေ့နိုင်သေးတဲ့အဖြစ်
ဖွင့်ပြောခွင့်လဲ မရှိခဲ့ပါ....

ဆုံဆည်းနိုင်ခွင့်ဟာ...
ကိုယ့်ရဲ့နေ့စဉ်အိပ်မက်တွေပေါ့
အခုတော့.....
အဝေးဆုံးတစ်နေရာမှာ
သူမသိတဲ့...တမ်းတခြင်းများစွာနဲ့....

အရွယ်လွန် သုံးဆယ်ကျော်လာတဲ့အထိ
အချိန်တွေ ကုန်ဆုံးခဲ့တာမသိ
ကိုယ်မှာတော့...မျှော်လင့်မိနေတုန်း
.................အချစ်ရဆုံးရယ်။

2 comments:

  1. အစ်ကိုရေ...
    ချစ်ခဲ့မိတာ အကြောင်းပြချက်မရှိသလို
    မမေ့နိုင်တာလည်း ဖွင့်ပြောခွင့်မရှိဘူးတဲ့လားဗျာ...

    တခါတခါ မျှော်လင့်နေရတာ မောတယ်နယ်...
    အစ်ကို့ ကဗျာက ရင်ကိုထိစေတယ်...

    ReplyDelete
  2. ကိုမဲ့ရေ...
    ဟုတ်တယ်နော်ဗျ...
    မျှော်လင့်ရင်းနဲ့ တစ်ကယ့်ကို အချိန်တွေကုန်ဆုံးခဲ့ရတယ်ဗျာ...။
    (အနော့်ကိုများ... စောင်းရေးထားသလား အောက်မေ့ရတယ်...ဟီးးးး)

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete