စံပယ်ဖြူရေ...
နင့်အပြုံးလေးတွေ အဝေးက ခိုးကြည့်ငေး
ဒီလိုနဲ့ပဲ ...တစ်စစ ဝေးရတော့မလား။
စကားတစ်ခွန်း ပန်းပေါင်းရာထောင်ဝေ
စံပယ်ရေ...တွေဝေတိတ်ဆိတ် တခြမ်းပဲ့နေ့ညတွေ။
အားတင်းထားတဲ့ရင်တွင်းစကား
နင့်ရှေ့ကိုရောက်မှ ခြေလှမ်းတွေအခါခါမှားလို့
ရင်ထဲမှာဖွင့်မပြောသာ မြိုသိပ်ခဲ့စကားလုံးများစွာ
စံပယ်ဖြူ...နင်သိ မျက်ဝန်းအကြည့်တွေ
ဘာသာစကားကင်းမဲ့စွာ တည်ဖွဲ့နေခဲ့။
ခံစားမှုအသစ် ပျော်ဝင်မူးယစ်
(အဲဒီလိုနဲ့ပဲ...) ဘ၀ကို အသားမာတက်စေခဲ့ကြ
နေမြင့်အရူးရင့် အိပ်ရေးပျက်အခန်းကျဉ်းထဲ
အရေခွံထူနေတဲ့ညနေတွေ
ကြယ်တွေကြွေမှာကိုစောင့်ကြည့်ရင်း
ခလုတ်တိုက်မိတဲ့အပြုံးချိုချိုတွေ
ဘ၀ဟာမာယာများသတဲ့။
စံပယ်ဖြူရေ...သတိရမိတဲ့အခါ မိုးကောင်းကင်ကြီးကို မော်ကြည့်မိတါ
ဘာကြောင့်များပါလဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment