Monday, March 30, 2009

သံယောဇဉ်ကြိုးလေးအတွက်

ဧည့်သည်တစ်ယောက်
ကိုယ့်....အိမ်တံခါးပေါက် ဖွဖွလေးခေါက်လာတယ်။
အကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပေါ့။
မမျှော်လင့်ပဲ ဆုံဆည်းတွေ့ဆုံ
ဒီလိုကြုံမှာကို ယောင်လို့လျှင်ဖြင့်မတွေးမိပါရဲ့
ဒါဟာတကယ်လား၊ အိပ်မက်များလား
ကိုယ့်အသားဆိတ်ကြည့်
တကယ်မှန်းသိတယ်။
တစ်စစနဲ့ ချည်နှောင်ရစ်ပတ်
တွယ်ငြိတတ်သည်မို့ ´ကြိုးလေး´
ကိုယ်...ခေါ်ဖြစ်သေးတယ်
မင်းလေးမရီပါနဲ့။
သူ့စကားသံ နားဝင်ချိုအေး
ရောက်လာမည်လား မျှော်တွေးရင်း
အိပ်မက်တွေကို နွေးထွေးစေခဲ့
တစ်ရက်ထက်တစ်ရက်တိုး သံယောဇဉ်ကြိုးလေး
နေ့စဉ်မိုးသောက် ရွင်လန်းဝမ်းမြောက်
ပန်းလေးလိုမွှေး လေနုလေးလို အေးမြစေဖို့
(အဝေးက) ဆုချွေတောင်းလျက်
ဒီကဗျာလေးရေးထားခဲ့သည်
´သံယောဇဉ်ကြိုးလေး´ ဖတ်မိစေဖို့...။

1 comment:

  1. ရေက် လာ ပါတယ့် ဗျာတွေ က အစ သာ ဆိုပေမဲ့ ကောင်း လွန်းတယ် စကားရွေး ထား တာ က သိမ် မွေ့တယ် ကြိုး စား ပါ အားပေး နေ ပါတယ်။

    ReplyDelete