Sunday, July 19, 2009

ဥယျာဉ်မှူး၏ဝေဒနာမှတ်စု (လေး)

ပန်းတစ်ပွင့်
ဖူးဆင့်ရောင်စုံ
ရနံ့ထုံလျှင်...

ပန်း၏သတင်း
လေညှင်းဆောင်ကာ
မွှေးပျံ့ပါလျှင်...

ရင်မှာပီတိ
တုမရှိခဲ့
ပွင့်သည့်ပန်းအား
ရင်ကြားထွေးလျက်
မွှေးကြူခွင့်ဝေး
ဘ၀ပေးလည်း
ဖေးမပြုစု
ဥယျာဉ်မှူးမှာ
စဉ်သာဂုဏ်ယူကျေနပ်မြဲ...။

No comments:

Post a Comment