Friday, November 27, 2009

ဥပေက္ခာ

"လှည့်ကြည့်လိုက်ပါ"
သိလျက်နဲ့များ
နေနိုင်အားတယ်....

ဘာပဲဖြစ်ဖြစ်
စိတ်ညစ်ဟန်ပို ၊ မလိုမုန်းထား
အကြည့်မြားလေး ဖြစ်ဖြစ်....။

"ပြန်ပြောပါလား"
ကြားလျက်နဲ့တောင်
ဟန်ဆောင်ကောင်းတယ်...

တကယ်ဆိုရင်
ငြိုငြင်စိတ်ဆိုး ၊ စကားမျိုးနဲ့
ချိုးချိုးဖဲ့ဖဲ့ ဖြစ်ဖြစ်ပေါ့....

အခုတော့လေ
ဝေခွဲရခက်
"သိလျက်"
"ကြားလျက်"
နေနိုင်ရက်သည်
အိပ်မက်မှတ်ထင် မ၀ံ့ရဲ.....။

1 comment:

  1. ဥပေက္ခာဆိုတဲ့ စကားလုံးလေးနဲ့ ကဗျာလေးက လုံးဝအံဝင်တယ်နော်...

    ReplyDelete