Thursday, September 10, 2009

အလွမ်းမိုးတွေရွာ

အခုတလော...ငါတို့မြို့မှာ
မိုးတွေဆက်တိုက်ရွာနေတယ်...
မဆီမဆိုင်...နင်တို့မြို့မှာလဲ
မိုးတွေရွာနေမလား တွေးဖြစ်တယ်...
ငါ......နင့်ကိုလွမ်းတယ်။

ဆန်းကြယ်တယ်လို့မဆိုနိုင်သလို ငါ့ကိုယ်ငါလဲအံ့သြမိရဲ့
မြန်မာပြည်မြောက်ဖျားက ကောင်မလေးကို
တောင်ဘက်စွန်း ကျွန်းပေါ်က
ကောင်လေးတစ်ယောက် ချစ်မိတဲ့ကိစ္စဟာ
ရာဇ၀င်တွေမှာ မရှိခဲ့ဖူးတာအမှန်ပါ
ဒါပေမယ့်...ငါ့အချစ်တွေကိုတော့ စာတင်ချင်တယ်။

နင်မှတ်မိဦးမလား
ငါတို့ပုဂံ ကို excursion သွားတုန်းက
နင့်နဖူးပြင်ပေါ်မှတ်ခဲ့တဲ့ အမှတ်လေး( လိုင်နာဆွဲတဲ့ ခဲတံနဲ့)
ပြန်တွေးတိုင်းလွမ်းတယ်...
စာသင်ခုံတွေပေါ်မှာ
အခါခါရေးခဲ့တဲ့နင့်နာမည်
အခုတော့...ငါ့ရင်ထဲ ပဲ့ တင် ထပ် ကုန်ပြီ။

ငါရဲ့ blog ကို နင်လာလည်ဖြစ်လား
နင်ချန်ထားခဲ့မယ့် message လေးငါမျှော်လင့်မိ
မဖြစ်နိုင်ဘူးဆိုတာလဲ သိတယ်...
ငြိတွယ်ခံစားခဲ့သမျှ
ထိလွယ်..ရှလွယ်..နှလုံးသားလေးသာရရှိခဲ့
ချစ်မိသဖြင့်....သက်ဆုံးထိလျှင်
နင်မသိလဲ..........ငါ...မျှော်လင့်နေချင်သည်...။

1 comment:

  1. ငြိတွယ်ခံစားခဲ့သမျှ
    ထိလွယ်..ရှလွယ်..နှလုံးသားလေးသာရရှိခဲ့
    ချစ်မိသဖြင့်....သက်ဆုံးထိလျှင်
    နင်မသိလဲ..........ငါ...မျှော်လင့်နေချင်သည်...။


    ဒီစကားလုံးလေးတွေက ရင်ထဲကို ထိတယ်အစ်ကိုရာ...

    ReplyDelete