Saturday, September 5, 2009

ပင်လယ်အက်ဆေး

ပင်လယ်...ကျယ်ပြောနက်ရှိုင်းမှုရဲ့သင်္ကေတ
ပင်လယ်...သဘောထားပြည့်ဝမှုရဲ့ပြယုဂ်
ပင်လယ်...ခန့်မှန်းရခက်တဲ့ကောင်မလေးတစ်ယောက်ရဲ့ ကြင်နာမှု
ပင်လယ်...ဘ၀များစွာကိုရှင်သန်ခွင့်ပေးတဲ့ တန်ခိုးရှင်
ပင်လယ်...အချို့အချို့တွေအတွက် လမ်းခွဲတေးတစ်ပုဒ်
ပင်လယ်...ရင်ဖွင့်တိုင်တည်မှုတွေကို မညည်းမငြူနားထောင်ပေးတဲ့ သူငယ်ချင်း
ပင်လယ်...စွယ်စုံရစူပါမင်းသားတစ်လက် ဇာတ်ဝင်ခန်းများစွာတင်ဆက်ခဲ့ပြီးသူ
ပင်လယ်...ရဲရင့်သူတို့စိန်ခေါ်တိုက်ပွဲဝင်ရာ စစ်တလင်းပြင်
ပင်လယ်...ဘယ်တော့မှရိုးအီမသွားတဲ့ ကဗျာတစ်ပုဒ်
ပင်လယ်...ကျွန်တော်မဖွင့်ဆိုတတ်တဲ့အကြောင်းအရာ
နောက်ဆုံးတော့.....ပင်လယ်ဟာ...ပင်လယ်နဲ့တူတဲ့...ပင်လယ်အဖြစ်နဲ့သာ....

No comments:

Post a Comment