* ကိုယ်ဟာ...
မင်းရဲ့နဖူးပြင်ထက်၊ ဖြာယှက်ကျနေတဲ့
ဆံနွယ်နက်လေးတမျှင်လောက်တောင်
အသုံးမကျခဲ့တဲ့ကောင်ပါ...။
* ဒါနဲ့များ...
နှလုံးသားထဲက၊ တသသမေ့မရအောင်
ဆွဲဆောင်တဲ့ မင်းရဲ့ဆံနွယ်နက်ကို
ချစ်နေတတ်သတဲ့...။
* ကိုယ်ဟာ...
မာယာတွေနဲ့ပြည့်နှက်၊
မင်းရဲ့မျက်ဝန်းပြာလဲ့လဲ့တွေလောက်တောင်
မစူးရှမတောက်ပြောင်တဲ့၊ ခပ်ညံ့ညံ့ကောင်တစ်ကောင်ပါ...။
* ဒါနဲ့များ...
အိပ်မက်ထဲအထိအောင်၊ မမေ့နိုင်အောင်စွဲငြိ
မာယာအတိနဲ့မင်းမျက်ဝန်းကို
ငဲ့လင့်လွန်းနေပြန်သတဲ့...။
* ကိုယ်ဟာ...
ရက်စက်စွာပြုံးတတ်သော
နီရဲပါးလျသော
ရင်ခုန်ဖွယ် မင်းရဲ့နှုတ်ခမ်းအစုံလောက်တောင်
အောင်မြင်မှုတွေမရှိတဲ့ကောင်ပါ...။
* ဒါနဲ့များ...
ကြိုးစားခဲ့ချင်သေးရဲ့
နှုတ်ခမ်းပါးလေးက စကားတစ်ခွန်းကို
မျှော်လင့်မှုအဆုံးစွန်အထိ၊
ရင်မောစောင့်နေချင်ပြန်သတဲ့လေ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment