Monday, March 30, 2009

ခင်(သို့မဟုတ်) ကောင်းကင်လေးတစ်ခုသို့ (တစ်)

*မျှော်လင့်ပိုစွာ...
ခင့်ကိုတွေ့နိုး၊ ခိုးခိုးကြည့်လျက်
မရှက်မကြောက်၊ ဖြတ်လျှောက်အိမ်ရှေ့
နေ့တိုင်း နေ့တိုင်း၊ လူတိုင်းသိတင့်
ခင့်ကိုချစ်လို့ သိရဲ့လား...

*နေနိုင်အားတယ်...
ရှောင်ဖယ်စိမ်းကား၊ လုံးလျားမတွေ့
မေ့ပြီထင်ရဲ့၊ ဆွတ်ကျင်တမ်းမော
သောကတောမှာ၊ တကယ်သာဆို
တွယ်တာမြတ်နိုး၊ တိတ်တခိုးမို့
စိတ်ဆိုးမဖြစ်၊ စိတ်ညစ်ညစ်နဲ့
အိပ်ပျက်ညရှည်၊ မျက်ရည်လည်မိ
ခင်သိပါစေ၊ ဆုမချွေရဲ
ကြေကွဲလွမ်းဆွတ်၊ အချစ်ဝဋ်ကြွေး
ဘ၀ပေးက ခါးလိုက်တာ...

*အကြည့်တစ်ချက်...
တစ်ရက်ရက်မှာ၊ ရလာနိုးတင့်
မျှော်လင့်ပိုရင်း၊ တမ်းတခြင်းဖြင့်
ရင်တွင်းမှလေ၊ မြတ်နိုးနေမည်
ကြေငြာခွင့်မဲ့၊ သည်လိုနဲ့ပဲ...။

No comments:

Post a Comment