Tuesday, February 17, 2009

နှင်းဆီအိမ်မက်

သူ့တွက်ရွယ်စူး၊စိုက်ပျိုးဖူးသည်
နှင်းဆီတစ်ပင်၊ကိုယ့်ရင်ခွင်ထက်...

သူ့အတွက်မှန်း၊ပွင့်လန်းဖူးသည်
နှင်းဆီတစ်ပွင့်၊အလှဆင့်ကာ...

သူ့အတွက်လေ၊ခူးချွေဖူးသည်
နှင်းဆီပွင့်ဦး၊သူကြည်နူးစေ...

သို့သော်...
သူရက်စက်လို့၊အိမ်မက်စိတ်ကူး
ဆန္ဒရူးတို့၊ပြယ်ဖူးလွင့်ပါး
နှလုံးသားလေး...
နှင်းဆီသွေးများ လိမ်ကျံသည်။

No comments:

Post a Comment