ကျွန်တော်၂တန်းနှစ်တုန်းကဖြစ်သည်။ကျွန်တော်တို့ ကျောင်းသို့ ကျောင်းအုပ်ဆရာကြီးအသစ် တစ်ယောက်ပြောင်းလာသည်။ဆရာကြီးတွင်ကျွန်တော်တို့ နဲ့ အတန်းတူ၊အရွယ်တူသားတစ် ယောက်လည်းပါလာသည်။သူ့ နာမည်က”ပြည့် ဖြိုးအောင်”ဖြစ်သည်။အကြွားသန်သည်…။ စကားးပြောလည်လည်ပတ်ပတ်ရှိသည်…။မြို့ ကျောင်းမှပြောင်းလာသူဖြစ်သဖြင့် အမြင် ကျယ်သည်…။အတွေ့ အကြုံများသည်…။ကျွန်တော်တို့ မသိသေးတာတွေအများကြီး သူပြောပြနိုင်သည်…။ထိုအချိန်က ကျွန်တော်တို့ အများဆုံးပြောဖြစ်သောအကြောင်းအရာ မှာ တရုတ်သိုင်းကားများအကြောင်းဖြစ်သည်။အားလပ်ချိန်ကစားရင်လဲ သိုင်းချတမ်းကစားကြ သည်…။အဲဒီအချိန်က ကျွန်တော်တို့ သဘောအကျဆုံးမှာ slow motion ခေါ် အနှေးရိုက်ချက် ပင်ဖြစ်သည်…။တရုတ်မင်းသားလေပေါ်တွင်ပျံဝဲပြီးတိုက်ခိုက်တာကိုအထင်ကြီးသည်။အားကျ သည်…။သူတို့ လိုကျင့်နိုင်ရင်ရရမည်ဟုတစ်ထစ်ချယုံကြည်ထားသည်…။တစ်နေ့ မနက်စော စောကျောင်းမတက်မီ သတင်းထူးတစ်ခုယူဆောင်လာသူမှာထုံးစံအတိုင်း”ပြည့် ဖြိုးအောင်” ပင်…..။ဒီသတင်းကိုအားလုံးစိတ်ဝင်စားကြသည်…။သတင်းကိုလဲကြည့် ပါလား…။”လေသိုင်း တတ်အောင်စားတဲ့ ဆေး….သူ့်အဖေဆရာကြီးမှာရှိတယ်တဲ့…”။ဆေးလေးစားလိုက်ရုံနဲ့  လေသိုင်းတတ်မယ်ဆိုတော့ကျွန်တော်တို့ အားလုံးပဲအရမ်းပျော်သွားတယ်…။ဒါပေမယ့်… သိပ်မယုံတဲ့ သူငယ်ချင်းတစ်ယောက်ကထပြောတယ်…။”မင်းတို့ ကလဲဆေးစားရုံနဲ့ လေသိုင်း တတ်ပါ့မလား…”တဲ့ …။ကျွန်တော်တို့ လဲဒီကောင်ကိုပျစ်ပျစ်နှစ်နှစ်ဝိုင်းဆဲကြတယ်…။ “ငတုံး….ငအ….မင်းဗွီဒီယိုထဲမှာမကြည့် ဖူးဘူးလား….မင်းသားကိုသိုင်းလောကဆရာဘိုးဘိုး ကအတွင်းအားဆေးတိုက်လိုက်လို့ အတွင်းအားအမြင့် ဆုံးရောက်သွားတာ…။”အားလုံးပဲ ခေါင်းချင်းရိုက်တိုင်ပင်ကြတယ်…။ဆရာကြီးကတော့တောင်းရင်အသာတကြည်ပေးမှာ မဟုတ်ဘူး….။သူ့ သားကိုတောင်မှမတိုက်တ်ာကြည့် ပါလား…။အကြမ်းဖက်မယ်ဆိုရင်လဲ…. ကိုယ့် ဆရာကြီး….သူငယ်ချင်းရဲ့ အဖေအရင်းကြီးဆိုတော့ပိုမဖြစသေး…။နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြတယ်…။ညနေကျောင်းဆင်းရင်ဆရာကြီးရဲ့ အခန်းကိုသွားပြီး လေသိုင်းဆေးကိုခိုးဖို့ ။အဲဒီနေ့ ကကျောင်းဆင်းခေါင်းလောင်းသံကိုမျှော်ရတာပိုကြာနေသလို။ ကျောင်းဆင်းချိန်ဆိုတဲ့”ကမ္ဘာမကျေ”သီချင်းကပဲပိုရှည်နေသယောင်….။ကျောင်းအဆင်းမှာ.. ကျွန်တော်ရယ်…နောက်သူငယ်ချင်းသုံးယောက်ရယ်…”ပြည့် ဖြိုးအောင်”ရဲ့ ဦးဆောင်မှုနောက် လိုက်ခဲ့ တယ်..။ကျွန်တော်တို့ ကျောင်းကြီးက L ပုံစံနှစ်ထပ်ကျောင်း။ဆရာကြီးက အပေါ်ထပ် အနောက်ဆောင်ထောင့်ဆုံးခန်းမှာနေတာ….။ကျောင်းအနောက်ဘက်လှေကားအတိုင်း တရွေ့ ရွေ့ တက်လာခဲ့ တယ်…။ကျောင်းဆင်းနောက်ကျတဲ့ ကျောင်းသားကြီးတစ်ယောက် နှစ်ယောက်ရဲ့ သံသယအကြည့် ကိုခံရတယ်…။ဒါပေမယ့် ဆရာကြီးရဲ့ သားပါနေတော့ ဘယ်သူမှပြသနာမရှာရဲ ဘူး….။ဒီလိုနဲ့ ဆရာကြီးရဲ့ အခန်းရှေ့ ရောက်တော့”ပြည့် ဖြိုးအောင်” ကနှုတ်ခမ်းမှာလက်ညိုးတေ့ပြီးတိတ်တိတ်နေဆိုတဲ့ အမူအရာလုပ်ပြတယ်…။ ကျွန်တော်တို့  အသက်တောင်ပြင်းပြင်းမရှူရဲ တော့ဘူး….။ကိုယ်လေးတွေအတတ်နိုင်ဆုံးကျုံ့ ထားတယ်….။ ခြေထောက်ကိုလဲကိုယ် ဖော့ပညာသုံးပြီးဖွဖွလေးရပ်ထားတယ်….။သိုင်းကားထဲမှာလူဆိုး စခန်းထဲဝင်ပြီး”သိုင်းကျမ်း”၀င်ခိုးတဲ့ သူတွေလိုအိုက်တင်မျိုးနဲ့ …။အတူပါလာတဲ့  သူငယ်ချင်း တစ်ယောက်”ရှူရှူး”ပေါက်ချင်လို့ တိုးတိုးလာပြောတယ်….။ကျွန်တော်မျက်နှာထားကြီးနဲ့ ပြန် ကြည့် လိုက်တော့မှဒီကောင်ငြိမ်သွားတယ်…။”ပြည့် ဖြိုးအောင်”ကလဲကြာလိုက်တာ….။
အခန်းထဲဝင်သွားတာအခုထိပြန်မထွက်လာတော့ဘူး…။ကျွန်တော်တို့ မှာဝင်လိုကရမလို…. ထပြန်ရမလို…။ကျောင်းခေါင်ပေါ်ကတောက်တဲ့ တစ်ကောင်ရဲ့ အမြီးတဘုတ်ဘုတ်ရိုက်သံကြား
တယ်…။လေတိုးပြီးကျောင်းသွပ်ခေါင်မိုးနဲ့ ထိနေတဲ့ အုန်းပင်ရဲ့ တရှဲရှဲမြည်သံကြားတယ် မကြာခင်မှာဘာမဆိုဖြစ်လာနိုင်မယ့် အနေအထား….။အားလုံးသတိဝိရိယနဲ့ နားစွင့် အသင့် ပြင်ထားကြတယ်….။
“အဟမ်း…….အဟမ်း…….”လူကိုမြောက်ကြွသွားမတတ်ပါဘဲ…။ချောင်းဟန့် သံကြောင့်လှည့်  ကြည့် လိုက်တော့ကျွန်တော်တို့ ဒူးတွေခွေချင်လာတယ်….။လက်ဖ၀ါးမှာချွေးစေးတွေပြန်လာ တယ်…။အဲဒီတုန်းကခံစားမှုကိုပြန်ပြောပြဖို့ အခုထိစကားလုံးအသေအချာရှာမရသေး….။ တော်ပေသေးသည်။မောင်မင်းကြီးသား”ပြည့် ဖြိုးအောင်”ပြေးထွက်လာပြီး….”ဖေဖေ… ဒါသားသူငယ်ချင်းတွေလေ…”လို့ မိတ်ဆက်ပေးလို့ ။ဆရာကြီးပြုံးပြလိုက်တော့မှစိတ် အေးသွားတယ် ဆရာကြီးက”ကျောင်းဆင်းပြီလေ…သားတို့ အိမ်မပြန်ကြသေးဘူးလား” မေးတော့ဘာဖြေရမှန်းမသိဖြစ်ကုန်တယ်…။ပြည့် ဖြိုးအောင်က၀င်ရှင်းပြတော့မှအားလုံး ခေါင်းနပန်းပိုကြီးကုန်ကြတယ်…။”ဖေဖေ…သူတို့ ကလေသိုင်းဆေးလိုချင်လို့ တဲ့ ….”
“ဟေ….ဘာ !”ကျွန်တော်တို့ အားလုံးလန့် ဖျတ်သွားကြတယ်…။ပြီးတော့မှ”အေး…ဆရာကြီး မှုာမင်းတို့ လိုချင်တဲ့ လေသိုင်းဆေးတော့မရှိဘူး….ဆရာကြီးလေနာထရင်သောက်နေတဲ့  “လေဆေးဘုရင်”လေနိုင်ဆေးကြီးတော့ရှိတယ်…လိုရင်ယူသွားကြ….အခန်းထဲကကြွက် လျှောက်တန်းမှာတင်ထားတယ်…”
ထိုနေ့ ကကိုပြည့် ဖြိုးအောင်ကောင်းမှုဖြင့်ကျွန်တော်တို့ မှာဆရာကြီးကိုတောင်နုတ်မဆက်ရဲ တော့ဘဲအိမ်သို့ အမြန်လေသိုင်းဖြင့်သုတ်ခြေသင်ခဲ့ ရတော့သည်….။
(သူငယ်ချင်းပြည့် ဖြိုးအောင်သို့ အမှတ်တရ)
Subscribe to:
Post Comments (Atom)
ငယ်ဘ၀လေးကိုတောင်...သတိရသွားမိတယ်ဗျာ....
ReplyDeleteခင်မင်လျှက်....