Monday, May 11, 2009

ဖြူ

နေ့ညမဟူ၊ ဖြူ့ ကိုတမ်းတ
နွမ်းလျတိုးညင်း၊ သီချင်းညည်းဆို
ငိုမိတာလား၊ ခွဲခြားမသိ
ထိတွေ့ပါးပြင် ၊ ပူနွေးထင်သား
ကဗျာများရေး ၊ မပေးဖြစ်ခဲ့
ဝေးရက်သောက၊ ပြောခွင့်ရချင်
ဲငြိုငြင်မလား၊ စကားနည်းနည်း
ဖုန်းထဲပြောဖို့၊ ကိုယ့်စိတ်အားတင်း
စိမ်းကားခြင်းများ၊ ခံစားကြေကွဲ
တစ်ယောက်တည်းဖြူ၊ ဘယ်သူသိလဲ
ဆွေးမြဲဆွေးပေါ့၊ နွေးထွေးအကြည့်
တောင့်တမိခဲ့၊ နေ့ညမဟူ
ဖြူ့ကိုတတမ်း၊ အလွမ်းနေ့ဆက်
အိပ်မက်ညများအလျားရှည်။

No comments:

Post a Comment