Wednesday, May 27, 2009

နှစ်ချို့အိမ်မက်

*ဒါဟာအိမ်မက်တစ်ခုဖြစ်တယ်။
သူ့ဆီကအကြည့်တစ်ချက်ကိုရရှိခြင်း...

*ခြေဖ၀ါးလေးတစ်စုံကို
မြင်ရုံနဲ့ရင်ခုန်အောင်ရူးသွပ်
အချစ်ဆိုတာ ၀ဋ်ကြွေးတစ်မျိုး...

*ဆယ်စုနှစ်တစ်ခုဆီက
စတင်ပျိုးချခဲ့တဲ့အပင်
ဧဒင်ဥယျာဉ်ထဲပြောင်းရွေ့ချင်သား...

*သို့သော်...
သူ့စကားလေးတစ်ခွန်းနဲ့တင်
ရင်တစ်ခုလုံး နာကျင်မွန်းကြပ်
သူငယ်ချင်းဆိုတဲ့စည်း
ငါ့ကို နှောင်တည်းလို့ထားလိုက်တော့တယ်...။

No comments:

Post a Comment