*အဓိပတိလမ်းပေါ်စိုရွဲ
ဖွဲခဲ့တဲ့မိုးလဲ စဲသွားပြီ...
*မြက်ပင်များပေါ်ခိုနား
နှင်းစက်များလဲ ကွယ်သွားပြီ...
*မကြုံချင်ခဲ့ပေမယ့်
ရင်မဆိုင်ရဲဆုံးအချိန်ရောက်လာတယ်။
*ခွဲရမယ်ဆိုတဲ့အသိ
သူငယ်ချင်းတွေကြားသတိပေး
ကျောင်းတော်ကြီးရယ်မဝေးချင်ဘူးကွယ်...
*ထိုင်ခဲ့ဖူးတဲ့ခုံတန်း
နင်းဖြတ်ခဲ့ဖူးတဲ့လမ်းကလေးရယ်
(ဒီအချိန်မှာ) သူတို့လဲ ကြေကွဲနေမလား...
*ပျော်ခဲ့ဖူးတဲ့နေရာ
ပြုံးခဲ့ဖူးတဲ့အကြောင်းအရာများ
(နောင်တချိန်မှာ) လွမ်းစရာလားကွယ်...
*တွဲလက်တွေခိုင်ခဲ့လဲ
နောက်ဆုံးတော့ခွဲရမယ်
ဖြစ်မြဲဓမ္မတာတရားက
နှလုံးသားတွေကိုမွကြေစေခဲ့...။
*တစ်နယ်စီပြန်ရောက်ခဲ့ရင်
အလည်တစ်ခေါက်လောက်...
ငါကမင်းတို့ဆီကို
မင်းတို့က ငါ့ဆီကို
.....ပြီးတော့
ငါတို့အားလုံးရဲ့အတွေးတွေက
တခါတုန်းက တက္ကသိုလ်ဆီကို...။
(ရန်ကုန်စီးပွားရေးတက္ကသိုလ်
Heritage Cateen တွင် 26 .8 . 2002 .(10:20 AM)
အမှတ်တရရေးဖွဲ့သည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment