Tuesday, December 8, 2009

အတွေး

တစ်နေ့လုံးပေါ့
ညတုန်းကအိပ်မက်
အပြုံးပွင့်လေးအကြောင်းတွေး
ကြည်နူးမှုနဲ့
ဆွေးမြည့်နေမိတာ.....။

Saturday, November 28, 2009

Happy Birthday

၂၃ နိုဝင်ဘာ
သာယာပါစေ တောင်းဆုချွေ
ကုသိုလ်တွေ ဘုရားမှာပြု
ချစ်သူ့မွေးနေ့။

မြတ်နိုးမှု

*အလှဆုံးပါပဲ
ဘ၀တစ်ခုလုံးမှာ....
မခူးရက် မဆင်ရက်
စူးနစ်ရင်မှာ အချစ်ပို....

*ပန်းတစ်ပွင့်လို
ပင့်သက်ဖိုငေးမော
သူပြောသမျှ ခေါင်းညိတ်
သူ့စိတ်ကြိုက်လိုက်လျော
ချစ်လွန်းသဖြင့်
ဖွင့်မပြောရက်စွာ...

*ရင်မှတိတ်တခိုး
မြတ်နိုးမှုတွေနဲ့ ရိုးသားလို့.....။

နှင်းဆီကဗျာ

*နှင်းဆီ
သီဖွဲ့ချစ်ခြင်း
သင်းပျံ့တဲ့ကဗျာ....

*ကဗျာ
ထာဝရသစ်
ချစ်တဲ့သူတို့ အလင်္ကာ....

Friday, November 27, 2009

စိတ်ကူး

ထီးကလေးအောက်
နှစ်ယောက်တူထိုင်
မျက်နှာဆိုင်လျက်
မျှော်လင့်ချက်လေး
တိုးတိုးမေးတော့
"ဖြေးဖြေးပေါ့ မောင်ရယ်" တဲ့......။

ဥပေက္ခာ

"လှည့်ကြည့်လိုက်ပါ"
သိလျက်နဲ့များ
နေနိုင်အားတယ်....

ဘာပဲဖြစ်ဖြစ်
စိတ်ညစ်ဟန်ပို ၊ မလိုမုန်းထား
အကြည့်မြားလေး ဖြစ်ဖြစ်....။

"ပြန်ပြောပါလား"
ကြားလျက်နဲ့တောင်
ဟန်ဆောင်ကောင်းတယ်...

တကယ်ဆိုရင်
ငြိုငြင်စိတ်ဆိုး ၊ စကားမျိုးနဲ့
ချိုးချိုးဖဲ့ဖဲ့ ဖြစ်ဖြစ်ပေါ့....

အခုတော့လေ
ဝေခွဲရခက်
"သိလျက်"
"ကြားလျက်"
နေနိုင်ရက်သည်
အိပ်မက်မှတ်ထင် မ၀ံ့ရဲ.....။

Sunday, November 15, 2009

ကဗျာစစ်စစ်တစ်ပုဒ်

တစ်ညသားမှာပေါ့
ဝါရန်တာ မှာထိုင်ငေး
ချစ်သူ့အကြောင်းတွေး ဆွေးနေတုန်း.....

ယပ်တစ်ချောင်းကိုင်
အနားလာထိုင် ခြင်မောင်း
အမေ့မေတ္တာလေ....
အခုထက်ထိ မပြောင်း......။

(လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကရေးခဲ့တဲ့ ကဗျာလေးပါ
အမှတ်တရ ပြန်တင်လိုက်တယ်)